16 Dec မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ Grade-A အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခံရ
Posted at 06:22h
in Latest News
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကြီးမှူး ကျင်းပပြုလုပ်ခဲ့သည့် ကုမ္ပဏီအဆင့် သတ်မှတ်ချက် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားတွင် Max Myanmar Construction အနေဖြင့် Grade-A အသိအမှတ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ အခမ်းအနားသို့ Max Myanmar Construction မှ အုပ်ချုပ်မှု တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး Grade-A အသိအမှတ်ပြု လက်မှတ်ကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး Max Myanmar Construction ၏ Managing Director ဒေါ်သက်နှင်းစိုးက လက်ခံရယူခဲ့ပါသည်။



